012019 · မန္တလေးမြို့
ဝါသနာတူများ စတင်ဆုံစည်းခြင်း
Mandalay Avid Runner Squad ကို 2019 ခုနှစ်တွင် အပြေးဝါသနာတူ သူငယ်ချင်းအနည်းငယ်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
MANDALAY AVID RUNNER SQUAD

အပြေးဝါသနာမှသည် လူထုကျန်းမာရေးကောင်းမွန်စေရေးဆီသို့
01Mandalay Avid Runner Squad ကို 2019 ခုနှစ်တွင် အပြေးဝါသနာတူ သူငယ်ချင်းအနည်းငယ်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
02တနင်္ဂနွေနေ့တိုင်း အဖွဲ့လိုက် လူစုပြေးကြပြီး အပြေးအကြောင်းနှင့် အပြေးပစ္စည်းများအကြောင်း ဆွေးနွေးမျှဝေကြပါသည်။
03အပြေး၏ ကျန်းမာရေးအကျိုးကျေးဇူးများကို လူအများ သိရှိကျင့်သုံးလာစေရန် အပျော်တမ်းအပြေးပွဲများ အခါအားလျော်စွာ ပြုလုပ်ခဲ့ပါသည်။

MARS မှ ပြုလုပ်သည့် အပျော်တမ်းအပြေးပွဲများအား “ပြေးရအောင်” ဟူသော လှုံ့ဆော်သံဖြင့် လူတိုင်းပါဝင်လှုပ်ရှားနိုင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ထို့ကြောင့် MARS မှ ပြုလုပ်သည့် အပြေးပွဲများကို “ပြေးရအောင်” ဟူသည့်ခေါင်းစဉ်အောက်မှ ပြုလုပ်ခဲ့ကြပါသည်။
ဤသည်မှာ MARS ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်ပါသည်။
“အတူတူ ပြေးမယ်... ပိုကျန်းမာတဲ့ မနက်ဖြန်အတွက်!”
MARSMandalay Avid Runner Squad